Khit Thit သတင်းဌာန၏ ဇူလိုင် ၁၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ် By ရန်ကုန်ခေတ်သစ် ဒီကနေ့ ဇူလိုင် ၁၇ ရက် နေ့လယ်ပိုင်းတင်ဆက်ပေးမယ့်သတင်းတွေကတော့ -အကြမ်းဖက် စစ်ကောင်စီအခြေစိုက်တဲ့ နေပြည်တော်ကို တိုက်ခိုက်မယ်လို့ NUG နဲ့ တော်လှန်ရေးတပ် တွေဘက်က ကြေညာလာတာကြောင့် စစ်ကောင်စီရဲ့ နေပြည်တော်က စစ်ရုံးအပါအဝင် ဝန်ကြီးဌာနရုံး တွေ နဲ့ အမြန်လမ်း အဝင်အထွက်တွေမှာပါ လုံခြုံရေး ပိုမိုတိုးမြှင့်ထားတယ်လို့ နေပြည်တော်က ဝန်ထမ်းတွေနဲ့ ပြည်သူတွေဆီကနေ သိရပါတယ်။ - မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကမ္မမြို့ပေါ်မှာ ဇူလိုင်လ ၁၄ ရက်နေ့ ည ၈ နာရီ ခွဲ လောက်က PDF တပ်ဖွဲ့တွေကို လက်နက်ချဖို့ အကြမ်းဖက် စစ်ကောင်စီတပ်က ရေးထားတဲ့ ဆိုင်းဘုတ်ကို ဖြုတ်ချပြီး စစ်သားတွေ အလင်းဝင်ဖို့ ဆိုင်းဘုတ်အသစ်ကို ပြန်ထောင်ခဲ့တယ်လို့ People's Defense Force Kamma ရဲ့ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် ကိုပြောပါတယ်။ -စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ မဲနော-ကျေးရွာကို အကြမ်းဖက် စ်စကောင်စီတပ်က ဇူလိုင်လ ၁၆ ရက်နေ့မှာ ပစ်ခတ်ဝင်ရောက်စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းတွေကို လုယက်သွားတဲ့အပြင် ရွာလုံးကျွတ် မီးရှို့ ဖျက်ဆီးသွားတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။